ခုခံအား ကျဆင်းသော ရောဂါ (HIV / AIDS)

HIV Virus

HIV / AIDS ရောဂါ ဟာ တစ်ကမ္ဘာ လုံးကို ခြိမ်းခြောက် အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ (Pandemic diseases) များထဲ မှတစ်မျိုး အပါ အ၀င် ဖြစ်ပါတယ်.. HIV ပိုးကို စတင် တွေ့ရှိ ခဲ့တဲ့ ၁၉၈၁ ခုနှစ်မှ သည် ၂၀၀၆ ခုနှစ် ထိ လူ့အသက် ပေါင်း ၂၅ သန်းကျော် ဆုံးရှုံး စေခဲ့တဲ့ ကူးစက် ရောဂါ လည်း ဖြစ်ပါ တယ်.. ၂၀၀၅ ခုနှစ် တစ်နှစ်ထဲ မှာပင် လူဦးရေ ၂.၄ မှ ၃.၃ သန်း ထိ သေဆုံး ခဲ့ပါတယ်.. ၎င်း ထဲတွင် ကလေး ၅၇၀,၀၀၀ ကျော် ပါဝင် ပြီး သေဆုံး သူများ ရဲ့ သုံးပုံ တစ်ပုံ ဟာ ဆာဟာရ တောင်ပိုင်း အာဖ ရိက နိုင်ငံ များမှ ဖြစ်ကြ ပါတယ်.. HIV ကူးစက် ခံရသူ ပေါင်းသည် ကမ္ဘာ့ လူဦးရေ ရဲ့ ၀.၆% ရှိနိုင် ကြောင်း ခန့်မှန်း ထုတ်ပြန် ထားပါတယ်...


HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတို ကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည် မှာ HIV ဗိုင်းရပ်စ် ကြောင့် ဖြစ်ပွား သော ရောဂါ လက္ခဏာ စု (Acquired Immuno-Deficiency Syndrome) ကို ခေါ်ဆို တာဖြစ် ပါတယ်.. HIV ဗိုင်းရပ်စ် ဟာ Retroviridae အုပ်စု ၀င် ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲ နှစ်မျိုး ရှိပါတယ်.. HIV-1 ဟာ ပိုမို ပြင်းထန် ကူးစက် လွယ်ပြီး တစ်ကမ္ဘာ လုံး ပျံ့နှံ့ ကူးစက် နေတဲ့ အမျိုး အစား ဖြစ်ပါတယ်.. HIV-2 ကတော့ ကူးစက် မှုနှုန်း နည်းပါး ပြီး အဓိက အားဖြင့် အနောက် အာဖရိက မှာ အတွေ့ များပါတယ်...


HIV ဗိုင်းရပ်စ် ကူးစက် ခံရ ပြီဆိုလျှင် လူ့ခန္ဓာ ကိုယ်တွင်း ခုခံမှု စနစ် (Immune System) တွင်ရှိ CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီး ပါတယ်.. ပုံမှန် ကျန်းမာသော လူတွင် CD4 Cell အရေ အတွက် ဟာ သွေး တစ် မိုက်ခရို လီတာ မှာ ၁၂၀၀ (1200 cells/μl) ရှိပါတယ်.. HIV ဗိုင်းရပ်စ် က CD4 Cell များကို နည်းလမ်း (၃) သွယ် ဖြင့် တိုက်ခိုက် လျော့နည်း စေပြီး ခန္ဓာကိုယ် ခုခံမှု စနစ် ကို ကျဆင်း စေပါတယ်..

  1. HIV ဗိုင်းရပ်စ် က CD4 Cell ကို တိုက်ရိုက် ကူးစက် ဖျက်ဆီး ခြင်း (Direct Viral Killing)
  2. HIV ဗိုင်းရပ်စ် ကူးစက် ခံရသော CD4 Cell များ၏ သက်တမ်း ကုန်ဆုံး မှုမြန် လာခြင်း (Increased rates of apoptosis in infected cells)
  3. HIV ကူးစက် ခံရသော CD4 Cell များကို CD8 Cell များက ရန်သူ ပိုးမွှား ထင်မှတ် ပြီး မှားယွင်း တိုက်ခိုက်ခြင်း (Killing of infected CD4 T Cells by CD8 cytotoxic cells that recognize infected cells)
တို့ကြောင့် CD4 Cell များ လျော့နည်း ကျဆင်း လာစေ ပါတယ်...


HIV ကူးစက် မှုရှိမရှိ စစ်ဆေး ရန် HIV antibody ကို လျှင်မြန်စွာ စစ်ဆေး ပေးသော ကိရိယာ (Rapid HIV test) များဟာ နေရာ အနှံ့ အလွယ် တကူ ရရှိ နိုင်ပါတယ်.. အခြား စစ်ဆေး နိုင်သော စမ်းသပ် နည်းများ ကတော့ ELISA , Western Blot နည်းများ ဖြစ်ပါတယ်.. HIV ပိုးဝင် ရောက်ပြီး ချိန်မှ HIV antibody စတင် စစ်ဆေး တွေ့ရှိ ချိန်ထိ ကာလကို Window period ဟု ခေါ်ပါတယ်.. ဒီကာလ မှာ ဆိုရင် HIV ကူးစက် ခံရ မှန်းမသိ နိုင်တဲ့ အချိန် ဖြစ်ပြီး ထပ်မံ ၍ အခြား သူသို့ လည်း ကူးစက် နိုင်စွမ်း ရှိပါတယ်.. ၉၉% သော HIV ကူးစက် ခံရသူ များသည် ကူးစက် ခံရပြီး ၃ လ အကြာတွင် HIV antibody (HIV test) စစ်ဆေး တွေ့ရှိ နိုင်ပါတယ်...


ရောဂါ လက္ခဏာ များကို အဓိက (၄) ပိုင်း ခွဲခြား ထားပါတယ်..

  1. ရောဂါပျိုးခြင်း (Incubation Period)
    • ဒီကာလ ဟာ ခန္ဓာကိုယ် တွင်း ရောဂါ ပိုးဝင် ရောက်ပြီး နောက် ၂ ပတ်မှ ၄ ပတ် အတွင်း ရောဂါ ပျိုးချိန် (Incubation Period) ဖြစ်ပါတယ်.. ဒီအချိန် မှာဆို ရင် ဘာလက္ခ ဏာမှ မပြ တတ်ပါဘူး..
  2. လတ်တလော HIV ပိုး ၀င်ရောက်ပြီး လက္ခဏာများ (Acute HIV Infection)
    • HIV ဗိုင်းရပ်စ် ပိုးကူးစက် ခံရပြီး ၂ ပတ်မှ ၄ ပတ် အတွင်း ဖြစ်ပွား တတ်ပါတယ်.. ကူးစက် ခံရ သူများ ၏ ၈၀% မှ ၉၀% သည် ဖျားခြင်း၊ အကျိတ်များ ပေါ်လာခြင်း၊ လည်ပင်း နာလာခြင်း၊ ကြွက်သား နာကျင် ကိုက်ခဲခြင်း၊ နုံးခွေ တတ်ခြင်း၊ ပါးစပ် နှင့် လည်ချောင်း တစ်ဝိုက် နာကျင် တတ်ခြင်း စသည့် တုပ်ကွေး လက္ခဏာ ကဲ့သို့ ဖြစ်ပွား တတ်ပြီး အနည်းဆုံး တစ်ပတ် မှ ၄ ပတ်ထိ ကြာတတ် ပါတယ်.. ဒီလို လက္ခဏာ တွေဟာ တုပ်ကွေးနဲ့ အခြား ရောဂါ ပိုးဝင် လက္ခဏာ တွေနဲ့ တူတာ ကြောင့် HIV ပိုး ကူးစက် ခံရ မှန်း ကွဲကွဲ ပြားပြား မသိနိုင် ပါဘူး..
  3. HIV ပိုးရှိပြီး လက္ခဏာ မပြသသော ကာလ (Latency Stage)
    • ဒီကာလ မှာဆိုရင် ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းမွန် လာလို့ ဗိုင်းရပ်စ် အကောင်ရေ လျော့နည်း နေသော အချိန် ဖြစ်ပြီး ကူးစက် ခံရသူ ၏ ကိုယ်ခံ အား အခြေ အနေ အရပ်ရပ် ပေါ် မူတည်ပြီး ၂ ပတ်မှ နှစ် ၂၀ ထိ ကြာမြင့် နိုင်ပါတယ်..
  4. ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါ လက္ခဏာစု ပေါ်လာခြင်း (AIDS)
    • ဒီအချိန် မှာ ဆိုရင် CD4 Cell အရေ အတွက် ဟာ သွေး တစ်မိုက် ခရို လီတာ မှာ ၂၀၀ အောက် ရောက်လာ ပြီး ခန္ဓာကိုယ် ခုခံအား လည်း ကျဆင်းလာ ပါတယ်.. အခုလို ခုခံအား ကျဆင်း လာချိန်မှာ အခြား သော အခွင့် အခါသင့် ရောဂါ များ (Opportunistic Infections) ပေါ်ပေါက် လာပြီး အသက် အန္တရာယ် ကို ခြိမ်းခြောက် လာပါတယ်.. တီဘီ (TB)၊ ခုခံအား ကျဆင်းချိန် ဖြစ်ပွား သော နမိုးနီးယား (PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်း ကြောင်း ပိုးဝင် ခြင်း (Bacterial Enteric Infection)၊ အကျိတ် ကင်ဆာ များ (Non-Hodgkin Lymphoma & Kaposi's sarcoma) အစ ရှိသဖြင့် အခွင့် အခါ သင့်ရောဂါ များ ဖြစ်ပွား လာပါတယ်.. ခုခံအား ကျဆင်း ချိန်တွင် အများစု ခံစားရ သော ရောဂါ လက္ခ ဏာများမှာ
      • ကိုယ်အ လေးချိန် မူလထက် ၁၀% ကျော် ကျဆင်းခြင်း၊
      • တစ်လ ထက်ကျော် ၍၀မ်း လျှောခြင်း၊
      • တစ်လ ထက်ကျော် ၍ ဖျားခြင်း၊ (တစ်သ မတ်တည်း (သို့) အတက် အကျ အားဖြင့် ဖျားတတ် ပါတယ်)
      • မှက္ခရု ပေါက်လာခြင်း၊
      • ကြာရှည်စွာ ချောင်းဆိုးခြင်း၊ မောလာခြင်း၊
      • အကျိတ်များ ထွက်လာခြင်း၊
      အစ ရှိသဖြင့် ဖြစ်တတ် ပါတယ်..


HIV ဗိုင်းရပ်စ် ကူးစက် နိုင်သော နည်းလမ်း များမှာ အများ သိရှိ ပြီးဖြစ်တဲ့ အတိုင်း ရောဂါ ပိုးရှိသူ နှင့် လိင်တူ လိင်ကွဲ ဆက်ဆံ ခြင်း၊ ရောဂါ ပိုးပါ သော သွေးသွင်း မိခြင်း၊ ရောဂါ ပိုးရှိ သူနှင့် ဆေးထိုး အပ် ဆေးထိုး ပြွန် မျှဝေ သုံးစွဲ ခြင်း - ဆေးမင် ကြောင် ထိုးခြင်း - ဓါတ်အပ် စိုက်ခြင်း၊ ရောဂါ ပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည် များမှ ထိခိုက် ဒဏ်ရာ သို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ - ဆေးထိုး အပ်စူး မိခြင်း၊ ခန္ဓာ ကိုယ်ရှိ ပြတ်ရှ ဒဏ်ရာ - အခြား ဒဏ်ရာ များကို သွေးထိ မိခြင်း၊ မုတ်ဆိတ် ရိပ်ဓား မှ တစ်ဆင့် ထိရှ ကူးစက်ခြင်း)၊ ကိုယ်ဝန် ဆောင် မိခင် မှ ကလေး သို့ကူး စက်ခြင်း၊ စသည် တို့ ဖြစ် ပါတယ်..


HIV ကူးစက် ခံရ ခြင်းကို လုံးဝ ပျောက်ကင်း စေနိုင် သော ဆေးဝါး များ ယခု အချိန် ထိမ ပေါ်သေးပါ.. ဗိုင်းရပ်စ် ပေါက်ပွား မှုကို ထိန်းချုပ် ပေးပြီး CD4 Cell အရေ အတွက် ဆက်မလျော့ ကျစေ ခြင်းဖြင့် ရောဂါ ရှေ့ဆက် တိုးမှုကို ဟန့်တားသော ဆေးများ သာရှိ ပါတယ်.. ဆေးကုသ ပေးရခြင်း ရဲ့ ရည်ရွယ်ချက် ကတော့

  • HIV ပိုးကြောင့် ခံစား ရသော ရောဂါ ဝေဒနာ များကို သက်သာ စေရန် နှင့် ရောဂါ ပိုးအရေ အတွက် ကိုလျှော့ ချပေးရန်၊
  • လူနာ၏ သက်တမ်း ကို ဆွဲဆန့် ပေးရန်၊
  • လူနာ၏ ကျန်းမာရေး ကောင်းမွန် စေပြီး အလုပ် ပြန်လုပ် နိုင်စေရန်
တို့ ဖြစ်ပါတယ်..





ခုခံမှုကျဆင်းသော ရောဂါ အတွက် သုံးသောဆေးဝါးများ















NsRTIs NtRTI NNRTIs PIs




Zidovudine (ZDV)
Didanosine (DDI)
Lamivudine (3TC)
Stavudine (d4T)
Abacavir (ABC)
Tenofovir (TDF)
Nevirapine (NVP)
Efavirenz (EFV)




Saquinavir (SQV)
Ritonavir (RTV)
Lopinavir (LPV)
Nelfinavir (NFV)
Indinavir (IDV)


















NsRTI = Nucleoside Reverse Transcriptase Inhibitor
NtRTI = Nucleotide Reverse Transcriptase Inhibitor
NNRTI = Non-nucleoside Reverse Transcriptase Inhibitor
PI = Protease Inhibitor




အခု လက်ရှိ လက်ခံ သုံးစွဲ နေတဲ့ ကုထုံး ကတော့ HAART (Highly Active Anti Retroviral Therapy) ဖြစ်ပါတယ်.. ဆေးအနည်း ဆုံး (၃) မျိုးတွဲ ပေးပြီး လူနာ၏ အခြေ အနေ၊ ဆေး ရရှိမှု နဲ့ ဘေးထွက် ဆိုးကျိုး ထည့်သွင်း စဉ်းစား ရမှု တို့ပေါ် မူတည်၍ အမြဲ မပြတ် စောင့်ကြပ် စစ်ဆေး ခြင်းဖြင့် ကုသ ပေးရ ပါတယ်.. လူနာ ၏ CD4 Cell အရေ အတွက် ၂၀၀ နှင့် အောက် ရောက်လျှင် သော်၎င်း၊ သို့မဟုတ် CD4 Cell ၂၀၀ ၀န်းကျင် ဟု ယူဆ ရတဲ့ ပြင်ပ ရောဂါ လက္ခဏာ အခြေ အနေ များကို ကြည့်ရှု ၍၎င်း ဆေးပေး ကုသဖို့ ဆုံးဖြတ် ရပါတယ်.. ပထမ ဦးစား ပေးဆေး အတွဲ ကတော့ 2 NsRTI (Lamivudine + Zidovudine (or) Stavudine) + 1 NNRTI (Nevirapine (or) Efavirenz) ဖြစ်ပြီး ဒုတိယ ဦးစား ပေး အနေနဲ့ ကတော့ 2 NsRTI + 1 PI ဖြစ်ပါတယ်.. ဆေးရဲ့ ဘေးထွက် ဆိုးကျိုး၊ လူနာ၏ ကျန်းမာ ရေးတိုးတက် မှုအခြေ အနေ တို့ကို အမြဲ မပြတ် စောင့်ကြည့် ရပြီး လူနာ သက်တမ်း တစ်လျှောက် လုံး ဆေးပေး နေရ ပါမယ်.. ဓါတ်ခွဲ ခန်း အဆင် ပြေသော နေရာ ဖြစ်ပါက လူနာ ၏ CD4 Cell အရေ အတွက်၊ ဗိုင်းရပ်စ် အကောင် ရေ စစ်ဆေး နေရပြီး ကုထုံး၏ ဆေးစွမ်း ပြသ မှု ရှိမရှိ နဲ့ ဆေးရဲ့ ဘေးထွက် ဆိုးကျိုး တွေကို စောင့်ကြည့် နေရ ပါမယ်.. ဆေးမ ပေးမီ အခွင့် အခါ သင့် ၀င်ရောက်မှု ရှိသော တီဘီ၊ နမိုး နီးယား၊ မှက္ခရု စသည့် ရောဂါ များရှိ ပါက အရင် ကုသ ဖို့လို အပ်ပါတယ်...


HIV ပိုးပါသော သွေး/ အရည် နှင့် မတော် တဆ ထိခိုက် မိခြင်း တွင် အောက်ပါ အခြေ အနေ (၄)မျိုး ဖြစ်နိုင် ပါတယ်..

  1. HIV လူနာ တွင် သုံးသော ဆေးထိုး အပ် (သို့) ချွန်သော အရာဖြင့် ထိခိုက် စူးဝင် မိခြင်း၊
  2. HIV လူနာ မှ သွေး (သို့) အရည် များ ပါးစပ်၊ မျက်စိ စသည့် နူးညံ့ အရေပြား (Mucous membrane) သို့ စင်မိခြင်း၊
  3. HIV လူနာ မှ သွေး (သို့) အရည် များ ဒဏ်ရာ မရှိ သော ပုံမှန် အရေ ပြားသို့ များပြား စွာ ထိစင် မိခြင်း၊
  4. HIV လူနာ မှ သွေး (သို့) အရည် နှင့် ဒဏ်ရာ ရထားသော အရေပြား သို့ အနည်းငယ် သာ ထိမိခြင်း၊
အထက်ပါ အခြေ အနေ (၄) မျိုးတွင် ပထမ (၂) မျိုးသည် ဆေးသောက် ကာကွယ် ဖို့ လိုအပ်ပြီး ဒုတိယ (၂) မျိုးမှာ အခြေ အနေပေါ် မူတည်ပြီး စဉ်းစား ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်... ဆေး (၃) မျိုး ကို ၄ ပတ်ကြာ သောက်ရ မှာ ဖြစ်ပြီး မတော် တဆ ထိတွေ့ မိပြီး ၂ နာရီ မှ ၂၄ နာရီ အတွင်း စသောက် ရပါမယ်.. အကယ်၍ ဆေးရ ရှိမှု အဆင်သင့် မဖြစ် ပါက ၄၈ နာရီ မှ ၇၂ နာရီ ထက် နောက်မကျ စေဘဲ ဆေးသောက် သင့်ပါတယ်.. ဆေးရဲ့ ဘေးထွက် ဆိုးကျိုး ရှိသဖြင့် ဆေးသောက် ရာမှာ လည်း နားလည် တတ်ကျွမ်း သော ဆရာဝန် ၏ ကြီးကြပ် စောင့်ကြည့် မှုအောက် တွင်သာ သုံးစွဲ သင့်ပါတယ်.. သောက်ရမယ့် ဆေးအတွဲ တွေကတော့











ပထမဦးစားပေး သောက်သုံးရမည့် ဆေးတွဲ = Zidovudine 300 mg twice daily + Lamivudine 150 mg twice daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day











ဒုတိယဦးစားပေး သောက်သုံးရမည့် ဆေးတွဲ = Stavudine 40 mg (if B.W > 60 kg)
Stavudine 30 mg (if B.W < 60 kg) twice daily
+ Lamivudine 150 mg twice daily + Efavirenz 600 mg once daily (OR) Indinavir 800 mg 3 times a day


ရောဂါ ကာကွယ် ခြင်းအနေ နဲ့ မလို အပ်ပဲ သွေး သွင်းမှု မခံယူပဲ မဖြစ် မနေ လိုအပ် ပါက သေချာစွာ စစ်ဆေး ရန်၊ ဆေးထိုး ပိုက် ဆေးထိုး အပ်များ ကို မျှဝေ သုံးစွဲ ခြင်း မပြုရန်၊ မသန့်ရှင်းသော ကိရိယာ များဖြင့် ဆေးမင် ကြောင်ထိုး ခြင်း ဓါတ်အပ် စိုက်ခြင်း မပြု လုပ်ရန်၊ ဆေးဝန် ထမ်းများ အနေဖြင့် မတော် တဆ ထိခိုက် မှုဖြစ်စေ မည့် အပြု အမူ မျိုး ရှောင်ကြဉ် ရန် နဲ့ ကာကွယ် ထားရန်၊ လိင်ဆက် ဆံရာ တွင် အကာ အကွယ် ကွန်ဒုံး အသုံး ပြုရန်၊ သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓါး လက်သည်း ညှပ် များကို မျှဝေ သုံးစွဲ ခြင်း မပြုရန် တို့ ဖြစ်ပါတယ်.. သာမန် လက်ဆွဲ နှုတ်ဆက် ခြင်း၊ အတူ စားသုံး သွားလာ နေထိုင် ခြင်းတို့ ဖြင့် ရောဂါ ကူးစက် နိုင်ခြင်း မရှိပါ.. မိခင်တွင် HIV ကူးစက် ခံထား ရပါက ရင်သွေး ငယ်သို့ ကူးစက် မှု နည်းအောင် ကိုယ်ဝန် ဆောင် ကာလ နှင့် မီးဖွားစဉ် အတွင်း ဆေးသောက် ကာကွယ် နိုင်ပါ တယ်.. ယခု အခါ HIV ကာကွယ် ဆေး၏ လမ်းစ ကို တွေ့ရှိ ပြီဖြစ် ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံး ပတ်က သတင်း ဌာနများမှ ကြေငြာ သွားခဲ့ ပါကြောင်း ရေးသား လိုက်ရ ပါတယ်... အားလုံး ဘေးဘယာ အပေါင်းမှ ကင်းဝေး ကြပါစေ...။



References;
>>http://en.wikipedia.org/wiki/Hiv
>>http://en.wikipedia.org/wiki/HIV_test
>>http://www.medicinenet.com/human_immunodeficiency_virus_hiv_aids/article.htm
>>Guidelines for the clinical management of HIV/AIDS in adults and adolescents by National AIDS-STD Prevention and Control Programme, DOH, MOH, Myanmar printed in December 2004
ဆက်လက်ဖတ်ရှုရန်.....

Readers' Comments (1)comments

လေပြွန်ရောင်ခြင်း (Bronchitis)

Bronchitis

လေပြွန် ရောင်ခြင်း ဆိုသည်မှာ အဆုတ် အတွင်း လေဖြတ် သန်းရာ လမ်းကြောင်း တစ်လျှောက် ရှိ အချွဲမြှေး လွှာ (mucous membrane) ရောင်ရမ်း ခြင်း ကို ခေါ် ပါတယ်.. လေပြွန် ပတ်လည် ရှိ အချွဲ မြှေး ရောင်ရမ်း ခြင်းနဲ့ အတူ ချွဲသလိပ် များပြား လာခြင်း ကြောင့် လေပြွန် ကျဉ်းမြောင်း လာ၍ ချောင်းဆိုး သလိပ် ထွက်ဖြစ် လာပြီး မောလာ တတ် ပါတယ်.. လေပြွန် ရောင်ခြင်း ကို

  1. လတ်တလော လေပြွန် ရောင်ခြင်း (acute bronchitis) နဲ့
  2. နာတာရှည် လေပြွန် ရောင်ခြင်း (chronic bronchitis)
ဟု ခေါ်ဝေါ် သတ်မှတ် ထားပါတယ်..


လတ်တလော လေပြွန် ရောင်ခြင်း ဆိုသည်မှာ အချိန် ကာလ ၆ ပတ် ထက် လျော့နည်း ၍ လေပြွန် ရောင်ခြင်းကို ခေါ်ပြီး အသက် ရှူ လမ်းကြောင်း ပိုးဝင် မှုကြောင့် ဖြစ်ပေါ် ပါတယ်.. ၉၀ % ခန့် က ဗိုင်းရပ်စ် ပိုးဝင် မှုကြောင့် ဖြစ်ရပြီး ကျန် ၁၀% ကသာ ဘက်တီး ရီးယား ပိုးကြောင့် ဖြစ်ပါတယ်.. လက္ခဏာ များကတော့ ချွဲသလိပ် ထွက်၍ ချောင်းဆိုး ခြင်း၊ နုံးခွေ အားလျော့ လာခြင်း တို့ ဖြစ်ပေါ် တတ်ပြီး အချို့ မှာ ဖျားလာ ခြင်း နဲ့ အသက် ရှူရာ တွင် ရင်ကျပ် ပြီး ၀ီစီ သံ မြည်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. ပန်းနာ ရင်ကျပ် ရောဂါ ဖြစ်ပွား သူများ တွင်လည်း လေပြွန် ရောင်ခြင်း ဖြစ်ပေါ် တတ်ပြီး ပန်းနာ ကြောင့် လေပြွန် ရောင်ခြင်း (Asthmatic Bronchitis) လို့ ခေါ်ပါတယ်.. လတ်တလော လေပြွန် ရောင်ခြင်း ဖြစ်ပေါ် ပါက

  • အိမ်တွင် လုံလောက် စွာ အနား ယူပါ..
  • အရည် များများ သောက်ပေး ပါ..
  • ဆေးလိပ် လုံးဝ မသောက် ပါနဲ့..
  • ဖျားနာ ကိုက်ခဲ ခြင်းရှိ ပါက ပါရာ စီတမော သောက်နိုင် ပါတယ်..
  • ချွဲပျော် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့်အတိုင်း သောက်သုံး ပါ..
  • ချွဲမထွက် လျှင် (သို့) ချွဲနည်း သွားလျှင် ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) သောက်နိုင် ပါတယ်..
  • များသော အားဖြင့် ဗိုင်းရပ်စ် ပိုးကြောင့် ဖြစ်သဖြင့် ပဋိဇီဝ ဆေး (Antibiotic) များ မလို အပ်ပါ.. ဘက်တီး ရီးယား ကြောင့် ဖြစ်ပါက သင့်တော် သော ပဋိဇီဝ ဆေးလို အပ် ပါတယ်..
ပုံမှန် ကျန်းမာ သောသူ များမှာ လတ်တလော လေပြွန် ရောင်ပြီး နောက် ပုံမှန် လေပြွန် အခြေ အနေ သို့ ပြန်ရောက် နိုင်ပါတယ်..




နာတာ ရှည် လေပြွန် ရောင်ခြင်း ဆိုသည် မှာ ချောင်းဆိုး ခြင်းဟာ တစ်နှစ် မှာ ၂ လ မှ ၃ လ ဆက်တိုက် ဆိုးပြီး အနည်း ဆုံး နှစ်နှစ် ထိ ဖြစ်ပွား ခြင်းကို ခေါ်ဆို ပါတယ်.. ဆေးလိပ် သောက်ခြင်း ဟာ နာတာ ရှည် လေပြွန် ရောင်ခြင်း ရဲ့ အဓိက အကြောင်း တစ်ရပ် ဖြစ်ပါတယ်.. နာတာ ရှည် လေပြွန် ရောင်ခြင်း ဟာ အကြောင်း အမျိုးမျိုး ပေါ် မူတည် ပြီး ဖြစ်ပွား တတ်ပါတယ်.. ပိုးဝင် လေပြွန် ရောင်ခြင်း မကြာ ခဏ ဖြစ်လျှင် သော်၎င်း၊ အသက် ရှူ လမ်းကြောင်း တစ်လျှောက် အမှုန် အငွေ့ တစ်မျိုးမျိုး ကြာရှည် စွာ ထိတွေ့ နေရ လျှင်သော် ၎င်း လေပြွန် အချွဲ မြှေးလွှာ အမြဲ ရောင်ရမ်း ပြီး လေပြွန် မွှေးမျှင် (Cilia) များ ပျက်စီး ကာ နာတာ ရှည် လေပြွန် ရောင်ခြင်း ဖြစ်ပေါ် စေပါတယ်.. ကျောက်မီး သွေး မိုင်း လုပ်သား များ၊ သီးနှံ ဆွတ်ခူး ရသူ များ၊ သတ္တု လုပ်ငန်း လုပ်ကိုင် သူများ သည် အခြား သူများ ထက် နာတာ ရှည် လေပြွန် ရောင်ခြင်း ပိုမို ဖြစ်ပွား ကြောင်း တွေ့ရ ပါတယ်.. နာတာ ရှည် လေပြွန် ရောင်ခြင်း ဖြစ်ပွား လျှင်

  • ဆေးလိပ် လုံးဝ ဖြတ်ရ ပါမယ်..
  • ဆရာဝန် ညွှန်ကြား မှု မရှိပဲ ချောင်းဆိုး ပျောက်ဆေး (Cough Suppressant) များကို မသုံး ရပါ.. ချွဲပျော်ဆေး (Expectorant) များကို အသုံး ပြုနိုင် ပါတယ်..
  • လေပြွန် ကျဉ်းမြောင်း ခြင်း (Bronchoconstriction) ဖြစ်ပေါ် ပါက လေပြွန် ကျယ်ဆေး (Bronchodilator) နဲ့ စတီး ရွိုက်ဆေး (Steroid) များကို အသုံး ပြုနိုင် ပါတယ်..
  • သလိပ် အရောင် ပြောင်းခြင်း၊ ပုံမှန် ထက်များ လာခြင်း ဖြစ်ပေါ် ပါက သင့်တော် သော ပဋိ ဇီဝ ဆေးကို (၅) ရက်မှ (၁၀) ရက်ထိ သောက်ရ ပါမယ်..


လေပြွန် ရောင်ခြင်း မဖြစ် စေရန် ဆေးလိပ် မသောက် ရပါ။ မိမိ နေအိမ် တွင်း ဆေးလိပ် သောက်ခြင်း ကို တားမြစ် ရပါမယ်။ လူထူထပ် သော၊ အခိုး အငွေ့ များသော၊ ဖုံမှုန် ထူထပ် သော နေရာ များကို ရှောင်ရှား ရပါမယ်။ အအေး မိဖျား နာပါက လုံလောက် စွာ အနား ယူပါ။ ဆရာဝန် ညွန်ကြား သည့်ဆေး ကို လိုက်နာ သောက်သုံး ပါ။ အာဟာရ ပြည့်ဝ စွာစား သုံးပါ။ မကြာ ခဏ လက်ဆေးပါ။ အစား အသောက် အသုံး အဆောင် ပစ္စည်း များ မျှဝေ သုံးစွဲ ခြင်းရှောင် ကြဉ်ပါ။ နာတာ ရှည် လေပြွန် ရောင်သူ များဟာ အေးသော ရာသီ တွင် နွေးထွေး စွာ ၀တ်ဆင် ခြင်းဖြင့် အအေး မမိ အောင် ကာကွယ် နေထိုင်ပါ။ နမိုး နီးယား ကာကွယ် ဆေး(Pneumonia Vaccine)၊ တုပ်ကွေး ကာကွယ် ဆေး (Flu Vaccine) များ ကို ထိုးနှံ ထားပါ။ အစ ရှိသဖြင့် ကာကွယ် နေထိုင် သင့်ပါ ကြောင်း ရေးသား လိုက်ရ ပါတယ်.. အားလုံး အဆုတ် ရောဂါ အပေါင်းမှ ကင်းဝေး ကြပါစေ...။



Reference;
http://www.medicinenet.com/bronchitis/article.htm
ဆက်လက်ဖတ်ရှုရန်.....

Readers' Comments (5)

အသည်းရောင်အသားဝါစီရောဂါ (Hepatitis C Infection)

အသည်းရောင်စီပိုး

အသည်းရောင် စီ ရောဂါ ဟာလည်း အသည်းရောင် ဘီ ရောဂါ နည်းတူ ကူးစက်မှု များနေဆဲ ရောဂါ တစ်မျိုး ဖြစ်ပါတယ်.. အသည်းရောင် စီပိုး ကို ၁၉၇၀ ခုနှစ် က စတင် တွေ့ရှိ ခဲ့ပြီး အေမဟုတ် ဘီမဟုတ် ပိုး (Non-A Non-B virus) ဟု ခေါ်ဝေါ် ခဲ့ပါတယ်.. ၁၉၈၉ ခုနှစ် မှာ စီပိုး ဟု အမည် ပြောင်းလဲ အတည် ပြုခဲ့ ပါတယ်.. ကမ္ဘာ တစ်ဝှမ်း လူဦးရေ သန်း ၂၇၀ မှ ၃၀၀ ခန့် ကူးစက် ခံနေရ ကြောင်း ခန့်မှန်း ထားပါတယ်.. အမေရိက တွင် အသည်း အစား ထိုး လဲလှယ် သူများ ရဲ့ အဓိက အကြောင်း မှာ အသည်း ရောင်စီပိုး ကြောင့် ဖြစ်ပါတယ်...


အသည်းရောင် စီ ဗိုင်းရပ်စ် ပိုးဟာ အသည်းရောင် အေ၊ ဘီ ပိုးတို့ နဲ့ မတူဘဲ အုပ်စု ကွဲပြား ခြားနား ပါတယ်.. စီပိုး ဟာ Flaviviridae အုပ်စု ၀င်ဖြစ် ပြီး RNA ဗိုင်းရပ်စ် ဖြစ်ပါတယ်.. Flaviviridae အုပ်စု ၀င် အခြား ဗိုင်းရပ်စ် ပိုးများ ကတော့ သွေးလွန် တုပ်ကွေး ဖြစ်စေ တဲ့ဗိုင်းရပ်စ် (Dengue virus) နဲ့ Yellow Fever virus တို့ ဖြစ်ပါတယ်.. စီပိုး ရဲ့ အပေါ်ယံ လွှာမှာ အင်ဇိုင်း နဲ့ ပရိုတိန်း ပါဝင်ပြီး ၎င်းတို့ ဟာ ခန္ဓာကိုယ် ဆဲလ် များ (အထူး သဖြင့် အသည်း ဆဲလ်) အတွင်းတွင် ပွားများ တတ်ကြ ပါတယ်.. စီပိုး တွင် မျိုးကွဲ (Genotype) (၆)မျိုး ရှိပြီး ၁ မှ ၆ ထိ ခေါ်ဝေါ် သတ်မှတ် ပါတယ်.. မျိုးကွဲ များ မတူညီ မှုပေါ် မူတည် ပြီး ကုသ မှုပျောက် ကင်းနိုင် စွမ်းလည်း ကွာခြား တတ်ပါတယ်.. အမေရိက တွင် အသည်းရောင် စီပိုး ကူးစက် ခံရ သူများရဲ့ ၈၀% ဟာ မျိုးကွဲ ၁ (Genotype 1) ဖြစ်ပြီး ကျန် ၂၀% ကသာ အခြား မျိုးကွဲ များ ဖြစ်ကြ ပါတယ်.. အရှေ့ အလယ် ပိုင်းနဲ့ အာဖ ရိက နိုင်ငံ များမှာ တော့ မျိုးကွဲ ၄ (Genotype 4) အတွေ့ များပါတယ်..


အသည်းရောင် စီပိုး ကူးစက် ခံရ ပါက ဘီပိုး နဲ့ မတူ တဲ့ အချက် မှာ ခန္ဓာကိုယ် ခုခံမှု စနစ် (Immune System) က စီပိုး ကင်းစင် အောင် မတိုက် ထုတ်နိုင် ခြင်းပဲ ဖြစ်ပါတယ်.. ဒါ့ကြောင့် စီပိုး ကူးစက် ခံရ ပြီဆို ရင် အားလုံး လိုလို နာတာ ရှည်ပိုး သယ်ဆောင် သူ ဖြစ်လာ ကြပါတယ်.. လတ်တလော ကူးစက် ခံရ သူများ ရဲ့ ၆၀% မှ ၇၀% ဟာ ရောဂါ လက္ခဏာ ပြသ မှု မရှိ ကြပါဘူး.. အချို့ မှာသာ တုပ်ကွေး ကဲ့သို့ ဖျားနာ ကိုက်ခဲ ခြင်း၊ နုံးခွေ လာခြင်း၊ အစာ မစား ချင်ခြင်း၊ ဗိုက်နာ ခြင်း၊ အသား ၀ါလာခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်.. စီပိုး ကူးစက် ခံရပြီး (၆)လ ကျော်ပါက နာတာရှည် ပိုးသယ် ဆောင်သူ အဖြစ် သတ်မှတ် ပါတယ်.. လတ်တလော သုတေ သနပြု တွေ့ရှိ ချက်များ အရ စီပိုး ကူးစက် ခံရ ပြီး မကု သသူ နာ တာရှည် ပိုးသယ် ဆောင် အသည်း ရောင် သူများ၏ သုံးပုံ တစ်ပုံ ခန့်မှာ နှစ် ၂၀ အတွင်း အသည်း ခြောက်ရော ဂါ ဖြစ်ပွား တတ်ကြောင်း တွေ့ရှိ ရပါတယ်.. နောက်ထပ် သုံးပုံ တစ်ပုံ ကတော့ နှစ် ၃၀ အတွင်း ဖြစ်ပွား တတ်ပြီး ကျန် သုံးပုံ တစ်ပုံ ကတော့ သူတို့ သက်တမ်း တစ်လျှောက် အသည်း ခြောက်ရော ဂါ ဖြစ်ပွား ခြင်းမရှိ ပဲ နေထိုင် နိုင်ကြောင်း တွေ့ရှိ ရပါတယ်..




ကူးစက် မှုအများ ဆုံး နည်းလမ်း မှာ အဓိက သွေးမှ တစ်ဆင့် ကူးစက် ခံရ ခြင်း ဖြစ်ပါတယ်.. ရောဂါ ပိုးပါသော သွေးသွင်း မိခြင်း၊ ရောဂါပိုးပါသော မသန့်ရှင်း သော ဆေးထိုး ပြွန် ဆေးထိုး အပ် သုံးခြင်း၊ သေချာ စွာ ပိုးသတ် မှု မရှိသော ဆေးခန်း သုံး- ဆေးရုံ သုံး ပစ္စည်း များ အသုံး ပြုခြင်း (ဥပမာ- ကျောက်ကပ် ဆေးစက်၊ သွားနှုတ် ကိရိယာ၊ .....)၊ ရောဂါ ပိုးပါ သော ကိရိယာ တို့ဖြင့် ဆေးမင် ကြောင်ထိုး - ဓါတ်အပ် စိုက်ခြင်း၊ ကိုယ်ဝန် ဆောင် မိခင် မှ ကလေး သို့ ကူးစက် ခြင်းအစ ရှိသဖြင့် ဖြစ်ပါတယ်.. လိင်ဆက် ဆံခြင်း မှ ကူးစက် မှုမှာ နည်းပါး ပါတယ်.. လိင်မှ တစ်ဆင့် ကူးစက် တတ်သော အခြား ရောဂါ များ (ဥပမာ- ဆစ်ဖလစ်၊ ဂနို၊ ကလာ မိုင်ဒီးယား ...) ရှိ မှသာ သွေးထွက် နိုင်ခြေ ရှိတာ ကြောင့် ကူးစက် နိုင် ပါတယ်..


ရောဂါ စစ်ဆေး မှု အနေဖြင့် တွင်ကျယ် စွာအသုံး ပြုနိုင် သည့်နည်း မှာ စီပိုး အန်တီ ဘော်ဒီ (Anti-HCV) Rapid Test ဖြစ်ပါတယ်.. Anti-HCV (+) စစ်ဆေး တွေ့ရှိ ခြင်းဟာ စီပိုး ၀င်ရောက် ဖူးခြင်းကို ပြသ တာဖြစ်ပြီး လတ် တလော စီပိုး အခြေ အနေ ကို မသိ နိုင်ပါ.. ဒါ့ကြောင့် လတ်တလော စီပိုး အခြေ အနေ ကို သိရန် မော်လီကျူလာ နူကလစ် အက်စစ် စစ်ဆေး ခြင်း (Molecular Nucleic Acid Testing) နည်းများ ဖြစ်တဲ့ Polymerase Chain Reaction (PCR)၊ Transcription Mediated Amplification (TMA)၊ branch DNA (b-DNA) စသည့် နည်းများ ဟာ စီပိုး လတ်တလော ရှိနေ ကြောင်း ပြသ ရုံသာ မက ပိုးကောင်ရေ (HCV viral load) ကိုပါ သိရှိ နိုင်ပါတယ်.. ပိုးကောင်ရေ စစ်ဆေး ခြင်းဟာ ဆေးကုသ ရာမှာ လည်း ထိရောက်မှု ရှိမရှိ စစ်ဆေး ရာမှာ အသုံး ၀င်ပါတယ်..


ရောဂါ ကုသမှု အနေဖြင့် Pegylated Interferon alpha (PEGASYSTM, PEG-IntronTM) ထိုးဆေး ကို တစ်ပတ် တစ်ကြိမ်၊ Ribavirin ကို နေ့စဉ် သောက်ဆေး အနေဖြင့် နှစ်မျိုး တွဲ ကုသ နိုင်ပါတယ်.. ဆေးကု သခြင်းရဲ့ နောက် ဆက်တွဲ ဆေးဒဏ် များကတော့ ရိုးတွင်း ချဉ်ဆီ (Bone Marrow) မှ သွေးနီဥ သွေးဖြူဥ ထုတ်လုပ်မှု ကျဆင်း စေခြင်း ဖြစ်ပါတယ်.. ဒါ့ကြောင့် ဆေးကု နေစဉ် ကာလ အတွင်း သွေးနီဥ သွေးဖြူဥ အခြေ အနေ များကို အမြဲ စစ်ဆေး နေရပြီး လိုအပ်တဲ့ ဆေးဝါး များကို ထိုးနှံ ပေးနေ ရပါတယ်.. စီပိုး မျိုးကွဲ ပေါ် မူတည် ပြီး ကုသမှု အချိန် ကာလ လည်း ၂၄ ပတ် (သို့) ၄၈ ပတ် ကုသရ ပါတယ်.. ပျောက်ကင်း နိုင်စွမ်း အနေနဲ့ မျိုးကွဲ ၂ နဲ့ ၃ (Genotype 2 & 3) ကို (၂၄) ပတ် ကြာ ကုသ ပါက ၇၅% ၊ မျိုးကွဲ ၁ (Genotype 1) ကို (၄၈) ပတ်ကြာ ကုသ ပါက ၅၀%၊ မျိုးကွဲ ၄ (Genotype 4) ကို (၄၈) ပတ်ကြာ ကုသ ပါက ၆၅% အသီးသီး ပျောက်ကင်း နိုင်ကြောင်း တွေ့ရှိ ရပါတယ်.. မျိုးကွဲ ၆ (Genotype 6) အတွက် လည်း မျိုးကွဲ ၁ ကုထုံး အတိုင်း (၄၈) ပတ် ကြာ ကုသ ပြီး အချို့ သမားတော် များမှာ (၂၄) ပတ် ကုထုံး ဖြင့် ကုသပြီး ပျောက်ကင်း နိုင်စွမ်း ရှိမရှိ အဖြေ ရှာနေ ဆဲဖြစ် ပါတယ်.. အားလုံး ကိုခြုံ ပြီး ပြောရ ရင် ရောဂါ ပျောက်ကင်း နိုင်စွမ်း ဟာ ၅၁% ရှိပါတယ်.. ရောဂါ ပျောက်ကင်း နိုင်စွမ်း ဟာ အခြေ အနေ အမျိုးမျိုး ပေါ် မူတည် ပါတယ်.. စီပိုး မျိုးကွဲ အမျိုး အစား၊ ပိုးကောင်ရေ၊ အသည်း ဆဲလ် ထိခိုက် မှု အခြေ အနေ၊ လတ်တ လော ပိုးဝင်ပြီး ကုသ ခြင်းနဲ့ ပိုးဝင် ပြီး အချိန် ကြာမှ ကုသခြင်း ကွာခြားချက် အခြေ အနေ၊ လိင် ကွာခြားခြင်း၊ အသက် အရွယ် ကွာခြား ချက်၊ အသည်း ထိခိုက်ခြင်း ဖြစ်စေ တဲ့ အပြု အမူ အနေ အထိုင် စသည့် အချက်များ ပေါ် မူတည် ပါတယ်..


ရောဂါ ကာကွယ် ခြင်းအနေ နဲ့ မလို အပ်ပဲ သွေး သွင်းမှု မခံယူပဲ မဖြစ် မနေ လိုအပ် ပါက သေချာစွာ စစ်ဆေး ရန်၊ ဆေးထိုး ပိုက် ဆေးထိုး အပ်များ ကို မျှဝေ သုံးစွဲ ခြင်း မပြုရန်၊ မသန့်ရှင်းသော ကိရိယာ များဖြင့် ဆေးမင် ကြောင်ထိုး ခြင်း ဓါတ်အပ် စိုက်ခြင်း မပြု လုပ်ရန်၊ ဆေးဝန် ထမ်းများ အနေဖြင့် မတော် တဆ ထိခိုက် မှုဖြစ်စေ မည့် အပြု အမူ မျိုး ရှောင်ကြဉ် ရန် နဲ့ ကာကွယ် ထားရန်၊ လိင်ဆက် ဆံရာ တွင် အကာ အကွယ် ကွန်ဒုံး အသုံး ပြုရန်၊ သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓါး လက်သည်း ညှပ် များကို မျှဝေ သုံးစွဲ ခြင်း မပြုရန် တို့ ဖြစ်ပါတယ်.. တစ်လင် တစ်မယား အိမ်ထောင် ရေး စောင့်ထိန်း သော စုံတွဲ များ အနေဖြင့် တစ်ဦးဦး တွင် စီပိုး ရှိပါက တာရှည် စွာ ကွန်ဒုံး အသုံး ပြုရန် မလို အပ်ကြောင်း ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာ (CDC) မှ ထုတ်ပြန် ထားပါတယ်.. သာမန် လက်ဆွဲ နှုတ်ဆက် ခြင်း၊ နမ်းရှုတ်ခြင်း၊ အတူ စားသုံး သွားလာ နေထိုင် ခြင်းတို့ ဖြင့် ရောဂါ ကူးစက် နိုင်ခြင်း မရှိပါ.. စားသောက် နေထိုင်မှု ပုံစံ အားဖြင့် အရက် နဲ့ အရက် အုပ်စု ၀င် (ဘီယာ၊ ထန်းရည်၊ ၀ိုင်) တို့ဟာ အသည်း အမာရွတ် ထင်ခြင်း အသည်း ခြောက်ခြင်း ဖြစ်လွယ် သဖြင့် ရှောင်ကြဉ် ရပါမယ်.. သံဓါတ် များသော အားဆေး၊ သံဓါတ် များသော အစား အစာ (နီသော အသား၊ အသည်း၊ ကလီစာ) များစွာ စားသုံး ခြင်းမှ ရှောင်ကြဉ် ရပါမယ်.. ဗိုက်တာ မင်စီ ဟာ အူမှ သံဓါတ် စုပ်ယူ မှု များစေ သဖြင့် များစွာ စားသုံး ခြင်းမှ ရှောင်ကြဉ် ရပါမယ်..


စီပိုး ကူးစက် ခံရ သူဟာ အခြား အေ ပိုး နဲ့ ဘီပိုး ကာကွယ်ဆေး များကို ထိုးနှံ ထားရ ပါမယ်.. ရောဂါ ပိုး နှစ်မျိုး ကူးစက် ခံရ ပါက အသည်း ခြောက်ခြင်း ပိုမို ဆိုးရွား စေလို့ နောက် တစ်မျိုး မကူးစက် စေရန် ကာကွယ် ရခြင်း ဖြစ်ပါတယ်.. ဒါ့ကြောင့် အသည်း ရောင်စီ ရောဂါ ပိုး ကူးစက် ခံရ ပါက တတ်ကျွမ်း သော ဆရာဝန် များနဲ့ တိုင်ပင် ကုသ ပြီး လိုက်နာ နေထိုင် စရာ များကို ဂရု စိုက်လိုက် နာနေထိုင် သင့်ပါ ကြောင်း ရေးသား လိုက်ရ ပါတယ်.. အာလုံး အသည်း ရောဂါ အပေါင်းမှ ကင်းဝေး ပြီး ကျန်းမာ ရွှင်လန်း နိုင်ပါစေ...။



References;
http://www.medicinenet.com/hepatitis_c/article.htm
http://en.wikipedia.org/wiki/Hepatitis_C
ဆက်လက်ဖတ်ရှုရန်.....

Readers' Comments (11)

မျက်စိရေတိမ် ရောဂါ (Glaucoma)







မျက်စိ ရေတိမ် ရောဂါ ဟာ အမြင် အာရုံ ကြော (Optic Nerve) ကို ထိခိုက် စေတဲ့ ရောဂါ တစ်မျိုး ဖြစ်ပြီး ပြန်လည် ကုသ မရနိုင် တော့တဲ့ မျက်စိ ကွယ်ခြင်း (Irreversible Blindness) ရဲ့ အကြောင်း တစ်ရပ် လည်း ဖြစ်ပါတယ်... ကမ္ဘာ တစ်ဝှမ်း မှာ ရေတိမ် ရောဂါ ကြောင့် မျက်စိ နှစ်ဖက် လုံး ကွယ်သူ ပေါင်း ၆သန်း ခန့် ရှိနေ ပါတယ်... အမေရိက ရဲ့ စစ်တမ်း တစ်ရပ် မှာတော့ အမေရိက မှာ လူဦးရေ ၃သန်း ခန့် ရေတိမ် ရောဂါ ခံစား နေရပြီး အဲဒီ ထဲက တစ်ဝက် လောက်ဟာ မိမိမှာ ရေတိမ် ရောဂါ ရှိမှန်း မသိသူ များ ဖြစ်ကြ ပါတယ်... အကြောင်းမှာ ဖြစ်စ တွင် ရောဂါ လက္ခဏာ မသိသာ ခြင်း၊ မျက်စိ မှုန်ဝါး လာတာ ကို ရေတိမ် ရောဂါ ကြောင့် ဟု မသိ ခြင်း တို့ကြောင့် ဖြစ်ပါတယ်...


မျက်လုံး တွင်းရှိ ရေဖိအား (Intraocular Pressure) အကြောင်း ပထမ အနေနဲ့ ပြောပြ ချင်ပါတယ်... မျက်လုံး တွင်း ရေဖိအား ဟာ ပုံမှန် အားဖြင့် ၈ မှ ၂၂ မီလီမီတာ မာကျူရီ (8 to 22 mmHg) ကြားမှာ ရှိပါတယ်.. ရေဖိအား နည်းရင် မျက်လုံး ပျော့သွား ပြီး ရေဖိအား များလာ ရင် မျက်လုံး မာကျော လာ ပါတယ်.. မျက်လုံး တွင်း အရည် (Aqueous Humor) များကို မျက်ဝန်း (Iris) အနောက်ဖက် နဲ့ မျက်စိ မှန်ဘီလူး (Lens) ဘေးရှိ စီလီယာရီ ဘော်ဒီ (Ciliary body) များက ထုတ်လုပ် ပေးပါတယ်... အဲဒီ ကနေ သူငယ်အိမ် (Pupil) ကို ဖြတ်ကာ မျက်စိ ရှေ့ပိုင်း ရှိ အစိတ် အပိုင်း များ အာဟာရ အတွက် ဖြည့်ဆည်း ပေးပြီး မျက်ကြည်လွှာ (Cornea) နဲ့ မျက်ဝန်း ကြားထောင့် လမ်းကြောင်း (Trabecular Mechwork) မှတစ်ဆင့် စီးဆင်း ထွက် သွားပါတယ်.. အကြောင်း အမျိုးမျိုး ကြောင့် လမ်းကြောင်း ပိတ်သွား ခြင်း၊ဒါမှ မဟုတ် အရည် ထုတ်လုပ် မှုများ ခြင်းတို့ ကြောင့် မျက်လုံး တွင်း ရေဖိအား မြင့်တက် လာပြီး ရေတိမ် ရောဂါ လက္ခဏာ များ ဖြစ်ပေါ် လာပါတယ်... မည်သည့် အတွက် ကြောင့် ရေတိမ် ရောဂါ ဖြစ်ရသည် ကိုမူ ယခုထိ ရှင်းရှင်း လင်းလင်း မသိ ရသေးပါ.. ဒါပေမယ့် မျိုးရိုး လိုက်ပြီး ဖြစ်တတ် ကြောင်း၊ အနောက် နိုင်ငံ များတွင် လူမည်း များ၌ အဖြစ် များကြောင်း တွေ့ရှိ ရပါတယ်...


ရေတိမ် ရောဂါ အဓိက အားဖြင့် နှစ်မျိုး ရှိပါတယ်...

  1. ထောင့်ကျယ် ရေတိမ် (Open-Angle Glaucoma)
  2. ထောင့်ကျဉ်း ရေတိမ် (Closed-Angle Glaucoma)
တို့ ဖြစ်ပါတယ်...

>



ထောင့်ကျယ် ရေတိမ် ဟာ အဖြစ် များဆုံး အမျိုး အစား ဖြစ်ပြီး ဖြစ်စမှာ လက္ခဏာ မပြသ ဘဲ အချိန် အတော် ကြာမှသာ လက္ခဏာ များ ပြလာ ပါတယ်... အရည် စီးထွက် ရာ လမ်းကြောင်း ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် ရပြီး မျက်စိ မှုန်ဝါး လာခြင်း၊ အမြင် အာရုံ ကျဉ်းမြောင်း လာခြင်း စတဲ့ လက္ခဏာ များ ပြသ လာပါတယ်... ထောင့်ကျဉ်း ရေတိမ် ကတော့ ရုတ်တရက် လက္ခဏာ များ ဖြစ်ပေါ် လာတတ် ပြီး မျက်လုံး နီရဲ လာခြင်း၊ မျက်စိ ကိုက်လာ ခြင်း၊ ခေါင်းကိုက် ပျို့အန် တတ်ခြင်း၊ အမြင် မှုန်ဝါး ပြီး အလင်းရောင် ကြည့်တဲ့ အခါ ဘေးမှာ အလင်း ကွင်း (Halo) များ မြင်ရ ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်... ထောင့်ကျဉ်း ရေတိမ် ဟာ မျက်ဝန်း နဲ့ အရည် စီးထွက် ရာလမ်း ကြောင်း တို့ ထိကပ် ပိတ်ဆို့ မှုကြောင့် ဖြစ်ပေါ် လာရ ပါတယ်.. အဆိုပါ ရေတိမ် ရောဂါ များကို အချိန်မီ ကုသမှု မခံယူ ပါက ရေဖိအား များသည့် ဒဏ်ကြောင့် မြင်လွှာ (Retina) ရှိ အမြင် အာရုံ ကြော (Optic Nerve) ထိခိုက် ချိုင့်ဝင် သွားပြီး လုံးဝ မျက်လုံး ကွယ်သွားခြင်း (Permanent Blindness) ဖြစ်ပေါ် စေပါတယ်..


မျက်စိ ရေတိမ် ရှိမရှိ စမ်းသပ် ရန် မျက်စိ အထူးကု ဆရာဝန် မှသာ စစ်ဆေး ဆုံးဖြတ် နိုင်မှာ ဖြစ်ပါတယ်.. မျက်လုံးတွင်း ရေဖိအား တိုင်း ကိရိယာ (Tonometry) ဖြင့် တိုင်းတာခြင်း၊ မျက်စိ စစ်ဆေး ကိရိယာ (Ophthalmoscope) ဖြင့် အမြင် အာရုံ ကြော အခြေ အနေ၊ မျက်လုံး တွင်း အခြေ အနေ များကို စစ်ဆေးခြင်း၊ မြင်ကွင်း စစ်ဆေး ခြင်း (Visual Field Testing) တို့ဖြင့် ပြလုပ် ကာ ရေတိမ် ရှိမရှိ စစ်ဆေး နိုင်ပါတယ်...


ကုသမှု အနေ ဖြင့် သောက်ဆေး၊ မျက်စဉ်း ခပ်ဆေး၊ ခွဲစိတ် ကုသ ခြင်းနည်း တို့ဖြင့် ပြုလုပ် နိုင်ပါတယ်.. Beta blockers (timolol, levobunolol, metipramolol) စသည့် မျက်စဉ်း ဆေး များမှာ စီလီ ယာရီ ဘော်ဒီ မှ အရည် ထုတ်လုပ် မှုကို လျှော့ချ ပေးပြီး မျက်လုံးတွင်း ရေဖိ အား လျော့ကျ စေပါတယ်.. Adrenergic agonists (Beta2 agonists) အုပ်စု ဆေးများ ဖြစ်တဲ့ (Brimonidine, Apraclonidine, Dipivefrin) ကတော့ အရည် ထုတ်လုပ် မှု ကျဆင်း စေတဲ့ အပြင် အရည် စီးထွက် မှုကို လည်း ဖြစ်ပေါ် စေပါတယ်.. Prostaglandin analogs (Latanoprost, Travoprost, Brimatoprost) မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ် စေတဲ့ ဆေးများ ဖြစ်ပါတယ်.. Carbonic Anhydrase Inhibitors (Acetazolamide, Methazolamide) သောက် ဆေးများ ကတော့ အရည် ထုတ်လုပ် မှုကို လျော့ကျ စေပါတယ်.. Parasympathomimetics (Pilocarpine, Echothiophate) စတဲ့ မျက်စဉ်း ဆေးများ ကတော့ အရည် စီးထွက် မှုကို ဖြစ်စေ ပြီး မျက်စိ သူငယ် အိမ်ကို လည်း ကျဉ်းစေလို့ အရင်က တွင်တွင် ကျယ်ကျယ် သုံးပေ မယ့် အခု တော့ အသုံး နည်းလာ ပါတယ်.. ၎င်း မျက်စဉ်း ဟာ တစ်နေ့ ၃-၄ ကြိမ် ခပ်ပေး ရခြင်း ဘေးထွက် ဆိုးကျိုး များတာ ကြောင့် အသုံး နည်းလာ ရတာ ဖြစ်ပါတယ်..


ခွဲစိတ် ကုသ မှု အနေ ဖြင့် ရိုးရိုး ခွဲစိတ် ခြင်း (Trabeculectomy, Viscocanalostomy)၊ လေဆာ ရောင်ခြည် ဖြင့် ခွဲစိတ် နည်းများ (Laser Iridotomy, Laser Trabeculoplasty, Laser Cilioablation) တို့ဖြင့် အရည် စီးထွက် မှု ပွင့်အောင် ပြုလုပ် နိုင်ပါတယ်.. ဒါ့ကြောင့် မျက်စိ ရေတိမ် ရောဂါ ကို ပေါ့ပေါ့ တန်တန် မထား သင့်ပဲ ဂရုစိုက် နေထိုင် ခြင်း၊ မျက်စိ မှုန်ဝါး လာပါက မျက်မှန် လုပ်ရန် အတွက် တစ်ခု တည်းကိုသာ အာရုံ မထားဘဲ တတ်ကျွမ်း သော မျက်စိ အထူးကု ဆရာဝန် နဲ့ စနစ် တကျ စစ်ဆေး ကုသ မှု ခံယူ သင့်ပါ ကြောင်း သတိ ပေးရေး သား လိုက်ရ ပါတယ်.. အားလုံး မျက်စိ ရောဂါ နဲ့ ဘေးဘယာ အပေါင်း မှကင်း ဝေးနိုင် ပါစေ...


ရေတိမ်ရောဂါ ကြောင့် အမြင်ေ၀၀ါး လျော့နည်းလာပုံ







References;
http://www.medicinenet.com/glaucoma/article.htm
http://en.wikipedia.org/wiki/Glaucoma
ဆက်လက်ဖတ်ရှုရန်.....

Readers' Comments (3)

အမျိုးသမီးများ သွေးဆုံးခြင်း (Menopause in women)



အမျိုး သမီးများ သွေးဆုံး ခြင်း (Menopause) ဆို သည်မှာ ပုံမှန် ရာသီသွေး အနည်းဆုံး (၁) နှစ်ထိ ရပ်ဆိုင်း သွားခြင်း ကို ခေါ်ဆို ပါတယ်... များသော အားဖြင့် သွေးဆုံး ခြင်းဟာ အသက် ၄၅ မှ ၅၅ နှစ် အတွင်း ဖြစ်ပေါ် လေ့ ရှိပြီး ပျမ်းမျှ အားဖြင့် ၅၁ နှစ် ဖြစ်ပါတယ်.. အချို့ အမျိုး သမီး များတွင် စော၍ ဖြစ်ပေါ် တတ်ပြီး အချို့မှာ နောက်ကျ တတ် ပါတယ်... အကြမ်း ဖျင်း ဆိုရ ပါက မိခင်၏ သွေးဆုံး ချိန် နဲ့လည်း တူညီ တတ် ပါတယ်...


သွေးဆုံး ခြင်းဟာ ရောဂါ တစ်ခု မဟုတ်ပဲ အမျိုး သမီးတိုင်း အချိန်တန် လျှင် ကြုံတွေ့ ရမယ့် ခန္ဓာ ကိုယ်ရဲ့ ဇီဝ ကမ္မ ပြောင်းလဲမှု ဖြစ်စဉ် တစ်ရပ်သာ ဖြစ်ပါတယ်... သွေးဆုံး လျှင် ခန္ဓာ ကိုယ်တွင်း ရှိ မျိုးဥအိမ် (Ovaries) လုပ်ငန်း များ လုံးဝ ရပ်ဆိုင်း သွားခြင်း ပဲဖြစ် ပါတယ်... အမျိုး သမီးများ ရှိ မျိုးဥ အိမ်ဟာ သားအိမ် ၏ ဘေးတစ်ဖက် တစ်ချက် စီမှာ ရှိပြီး အရွယ် နဲ့ ပုံသဏ္ဍာန် မှာ မက်မွန် သီး နှင့် ဆင်တူ ပါတယ်... မျိုးဥ အိမ်မှ လစဉ် မမျိုးဥ (ova) ထုတ်လုပ် ပေးပြီး မ,ဟော်မုန်း အီစထ ရိုဂျင် (Estrogen) ကို ပုံမှန် ထုတ်ပေး ပါတယ်... အီစထ ရိုဂျင် ဟော်မုန်း ဟာ အမျိုး သမီးများ အတွက် အရေး ပါတဲ့ ဟော်မုန်း တစ်မျိုး ဖြစ်ပြီး အမျိုး သမီး သဘာဝ အချိုး အစား၊ လစဉ် ရာသီသွေး ဖြစ်စဉ်၊ ကိုယ်ဝန် ဆောင်ခြင်း တို့တွင် အီစထ ရိုဂျင် က ထိန်းချုပ် လုပ်ဆောင် ပေးပါတယ်... ဒါ့ပြင် အီစထ ရိုဂျင် က အရိုးကို ပါးလွှာ ခြင်း မရှိ အောင်လည်း ကာကွယ် ပေး ပါတယ်...


ရောဂါ တစ်မျိုးမျိုး ကြောင့် မျိုးဥအိမ် နှစ်ခု လုံး ဖြတ်ထုတ် လိုက်ရ ပါက လည်း ခွဲစိတ် မှုကြောင့် သွေးဆုံး ခြင်း (Surgical Menopause) ဖြစ် ပေါ်စေ ပါတယ်.. လူအများ ထင်မှတ် မှားတဲ့ အကြောင်း တစ်ခု ကတော့ ရောဂါ အခြေ အနေ တစ်ခုခု ကြောင့် သားအိမ် ထုတ်ရ လျှင် သွေးဆုံး ပြီဟု ယူဆ ခြင်းပဲ ဖြစ်ပါတယ်... အမှန်မှာ သားအိမ် ချည်း သက်သက် ထုတ်ရပြီး မျိုးဥ အိမ် ကျန်ရှိ နေလျှင် သွေးဆုံး ခြင်း ဖြစ်စဉ် မရောက် ရှိပဲ ရာသီ သွေး မပေါ်တာ ပဲရှိ ပါတယ်... မျိုးဥ အိမ်မှ အီစ ထရိုဂျင် ကို ဆက်လက် ထုတ်ပေး နေလို့ သွေးဆုံး ခြင်း လက္ခဏာ များ မခံ စားရပါ...




သွေးဆုံး လျှင် ပေါ်ပေါက် လာမယ့် လက္ခဏာ များမှာ

  • မျက်နှာ နဲ့ ခန္ဓာ ကိုယ် တစ်ခု လုံး ပူနွေး ရှိန်းဖိန်းမှု (Hot Flash) ဖြစ်ပေါ် ခြင်း
    • ပူနွေး ရှိန်းဖိန်း မှုဟာ ခန္ဓာ ကိုယ် တစ်ခုလုံး အထူး သဖြင့် ခေါင်းနဲ့ ရင်ဘတ် မှာ သိသိသာသာ ဖြစ်ပေါ် တတ်ပြီး စက္ကန့် ၃၀ မှ မိနစ် အတန် ကြာထိ ဖြစ်ပေါ် တတ်ပါတယ်... ပြီးရင် ချွေးထွက် လာတတ် ပါတယ်... ဒီလို ပူနွေး ရှိန်းဖိန်း ဖြစ်မှု ဟာ အမျိုး သမီး များရဲ့ ၄၀ % ဖြစ်ပေါ် တတ်ပြီး ဖြစ်ပွားသူ အားလုံး ရဲ့ ၈၀% ဟာ ၅နှစ် ကြာထိ ဆက်လက် ဖြစ်ပေါ် တတ်ပါတယ်... ၁၀% ခန့် အမျိုး သမီးများ ကသာ ၁၀နှစ်ထိ ဒီလို လက္ခဏာ ရှိနေ တတ်ပါတယ်... ဒီလို ဖြစ်ရတာကို တိတိ ကျကျ မသိ သေးပေမယ့် ခန္ဓာ ကိုယ်မှ အီစထ ရိုဂျင် ထုတ်လုပ်မှု ကျဆင်း ခြင်းကြောင့် သွေးတွင်း ဟော်မုန်းနဲ့ ဇီဝဓာတု အနည်း အများ မတည် ငြိမ်မှု (Hormonal and Biochemical Fluctuations) ကြောင့် ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်...
  • ညပိုင်း ချွေးထွက် မှုများ လာခြင်း (Night Sweats)
    • သွေးဆုံး ပြီးသူ များတွင် ညပိုင်း ချွေးထွက် ခြင်း ဖြစ်ပေါ် တတ်ပါတယ်.. ချွေးထွက် များတာ ကြောင့် အိပ်ယာမှ ရုတ်တရက် နိုးလာ တတ်ပြီး ပြန်အိပ် ပျော်ရန် ခက်ခဲ တတ်ပါတယ်... နောက်နေ့ နေ့လည် ဖက်တွင် မောပန်း နွမ်းနယ် တတ်ပါတယ်...
  • ယောနိ လမ်းကြောင်း တစ်လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း
    • သွေးဆုံး ပြီးနောက် ယောနိ လမ်းကြောင်း တစ်လျှောက် နံရံ တစ်သျှူး များ ပါးလွှာ ခြောက်သွေ့ လာပြီး လိင် ဆက်ဆံ ရာတွင် အဆင် မပြေ နာကျင်မှု၊ ယောနိ လမ်းကြောင်း ပိုးဝင်မှု လွယ်ကူ လာခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်...
  • ဆီးလမ်း ကြောင်းတစ် လျှောက် ပြောင်းလဲ မှုများ ဖြစ်ပေါ်ခြင်း
    • ဆီး လမ်းကြောင်း တစ်လျှောက် တွင်လည်း နံရံ တစ်သျှူး များ ပါးလွှာ ခြောက်သွေ့ လာပြီး ဆီးလမ်း ကြောင်း ပိုးဝင် လွယ်ခြင်း၊ ဆီးမထိန်း နိုင်ခြင်း တို့ ဖြစ်ပေါ် တတ်ပါတယ်...
  • စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲမှု
    • အမျိုး သမီး အများစု မှာ သွေးဆုံး ပြီးနောက် စိတ်တို စိတ်ဆတ် လွယ်ခြင်း၊ စိတ်အလို မကျမှု များလာခြင်း၊ မောပန်း နုံးခွေ လာခြင်း၊ မှတ်ဥာဏ် ပိုင်းဆိုင်ရာ အားနည်း မှုဖြစ် လာခြင်း စတဲ့ စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်ပေါ် လာတတ် ပါတယ်.. ဒီလို ဖြစ်ရ တာဟာ ဟော်မုန်း ပြောင်းလဲ မှုကြောင့် ဆိုပြီး တိတိ ကျကျ ပြောရ ခက်ပါတယ်... သွေးဆုံး တာဟာ ဘ၀ မှာ ပြောင်းလဲ မှုတစ် ခုအဖြစ် ယူဆလို့ စိုးရိမ် ပူပန်ပြီး စိတ်ပိုင်း ဆိုင်ရာ ပြောင်းလဲ မှုများ ဖြစ်နိုင် ကြောင်း ပြောဆို ထားပါတယ်...
  • သွေးဆုံး ပြီးပါက အီစထ ရိုဂျင် လျော့ကျ မှုကြောင့် အရိုးပွ ခြင်း (Osteoporosis) လည်း တဖြည်းဖြည်း ဖြစ်ပေါ် လာပါတယ်... အရိုးပွ ခြင်းဟာ ပြင်ပ ရောဂါ လက္ခဏာ မပြသ ပဲ သာမန် ထိခိုက် မှုနဲ့ပင် အရိုး ကျိုးလွယ် နိုင်သော အခြေ အနေ ရှိပါတယ်...


သွေးဆုံး လက္ခဏာ ခံစား ရမှု များကို သက်သာ စေရန် ကုသမှု နည်းလမ်း အမျိုးမျိုး တို့ဖြင့် သုံးစွဲ ရာမှ ၎င်း တို့၏ အကျိုး အပြစ် များကို ဖော်ပြ ပေးပါမယ်... ဟော်မုန်း အစား ထိုးကု သခြင်း (Hormone Replacement Therapy) နည်းလမ်း ဟာ သွေးဆုံး လက္ခဏာ များ အလွန် ပင် သက်သာ ကောင်းမွန် တဲ့ အတွက် အရင် က ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲ ခဲ့ပါတယ်... အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသနည်း၊ အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း (Progesterone) နှစ်မျိုး ပါတဲ့ ကုသနည်း ဆိုပြီး သုံးစွဲ ကြပါတယ်... သုံးစွဲ သူ များစွာ ကို အချိန် ယူ လေ့လာ ကြည့်တဲ့ အခါ အီစထ ရိုဂျင် တစ်မျိုး တည်း ပါတဲ့ ကုသ နည်း ကို သုံးစွဲ သူများ ဟာ မသုံး စွဲသူ များထက် လေဖြတ် ခြင်း နဲ့ သားအိမ် မထုတ် ပဲ ရှိနေ သူများ မှာ သားအိမ် ကင်ဆာ (Endometrial Carcinoma) ပိုမို ဖြစ်ပွား မှုရှိ ကြောင်း တွေ့ရှိ ရပါ တယ်... အီစထ ရိုဂျင် နဲ့ ပရို ဂျက်စ ထရုန်း နှစ်မျိုး ပါတဲ့ ကုသနည်း သုံးစွဲ သူများ မှာတော့ နှလုံး ရောဂါ၊ လေဖြတ် ရောဂါ နဲ့ ရင်သား ကင်ဆာ ဖြစ်ပွား မှုများ ကြောင်း လေ့လာ တွေ့ရှိ ရပါတယ်... ဒါ့ကြောင့် ဟော်မုန်း ကုသ မှု ခံယူ သူများ အနေ ဖြင့် မခံ ယူမီ ဆေးစစ် ဆေးမှု ကို သေချာ စွာ ပြုလုပ် ရန် လိုအပ် ပြီး ဆေး ပမာ ဏ ကိုလည်း အနည်း ဆုံး နဲ့ အချိန် အနည်း ဆုံး သုံးစွဲ သင့် ပါတယ်...


သန္ဓေ တားဆေး ကဒ် များကို လည်း သွေးမ ဆုံးမီ သွေးဆင်း မမှန် မှုနဲ့ သွေးဆုံး လက္ခ ဏာများ သက်သာ စေရန် အတွက် သုံးစွဲ ကြပါ တယ်... ဆေးကဒ် သုံးခြင်း ဖြင့် ပူနွေး ရှိန်းဖိန်း မှု သွေးဆုံး လက္ခ ဏာကို သက်သာ စေသလို သန္ဓေ ကိုလည်း တားပြီး ဖြစ်စေ ပါတယ်... အခု နောက်ပိုင်း မှာတော့ ယောနိ တွင်းသို့ အီစထ ရိုဂျင် ဆေးကွင်း၊ ဆေးပြား နဲ့ လိမ်းဆေး တို့ကို တိုက်ရိုက် ထည့်သွင်း သုတ်လိမ်း သုံးစွဲ ကြပါတယ်...


နောက် တစ်မျိုး ကတော့ ခန္ဓာ ကိုယ်တွင်း ရှိ အီစထ ရိုဂျင် နဲ့ ဓာတု ဖွဲ့စည်း ပုံ၊ အာနိ သင်ပါ တူညီ ပြီး အပင် များတွင် တွေ့ရ တဲ့ ဖိုင်တို အီစထ ရိုဂျင် (Phytoestrogens) များပင် ဖြစ်ပါတယ်... ဒါပေမယ့် အီစထ ရိုဂျင် အာနိ သင်ချင်း နှိုင်းယှဉ် ပါက လွန်စွာ နည်းပါး ပါတယ်... ဒါ့ကြောင့် ရင်သား ကင်ဆာ ခံစား ရသူ များ၊ အီစထ ရိုဂျင် သုံးစွဲ ရန် မသင့် တော်သူ များ သဘာဝ ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ များကို စားသုံး ခြင်းဖြင့် သွေးဆုံး လက္ခဏာ များကို သက်သာ စေနိုင် ပါတယ်... ဖိုင်တို အီစထ ရိုဂျင် ပါဝင် တဲ့ အစား အစာ များက တော့ ပဲပုတ်၊ ကုလားပဲ၊ ပဲနီလေး အစ ရှိသဖြင့် ဖြစ်ပါတယ်... လက္ခဏာ များကို များစွာ မသက်သာ စေသော်လည်း ဗိုက်တာ မင်အီး တစ်နေ့ ၄၀၀ ယူနစ် ထက် မပို စေပဲ သုံးစွဲ နိုင်ပါတယ်...


အခြား ဆေးဝါး များဖြစ်တဲ့ စိတ်ကျ ရောဂါ ကု ဆေးဝါး Antidepressants (SSRIs) များ ဟာလည်း ပူနွေး ရှိန်းဖိန်း ဖြစ်ပွား မှုကို အမျိုး သမီး ၆၀ % ခန့်တွင် သက်သာ မှုရှိ ကြောင်း တွေ့ရှိ ရပါတယ်... ၎င်း ဆေးများ မှာ Citalopram (Celexa, Citopam), Venlafaxine (Effexor), Fluoxetine (Prozac), Paroxetine (Paxil) စသည့် ဆေးများ ဖြစ်ပါတယ်... Anti-seizure drug {Gabapentin (Gabantin, Neurontin)}, Anti-hypertensive drug {Clonidine (Catapres)} ဆေးများ ဟာလည်း ပူနွေး ရှိန်းဖိန်း မှုကို သက်သာ စေလို့ ဆရာဝန် ရဲ့ ကြီးကြပ် ညွှန်ကြား မှုနဲ့ သုံးစွဲ နိုင်ပါတယ်... ဆေးဖက် ၀င် အပင် များမှ ဖော်စပ် ထားတဲ့ Black Cohosh ဆေးဝါး ကိုလည်း ဥရောပ နဲ့ အမေရိက တွင် လူကြိုက် များ သုံးစွဲ လျက် ရှိပြီး ပူနွေး ရှိန်းဖိန်း မှုကို သက်သာ စေပါတယ်...


သွေးဆုံး ပြီလျှင် အရိုး ပါးလွှာ မှု ဖြစ်ပွား လာသဖြင့် ကယ်လ် စီယမ်၊ ဗိုက်တာ မင်ဒီ ပါတဲ့ အစား အစာ များ စားသုံး ရပါမယ်.. အစာ တွင် ၎င်း ဓာတ်များ မလုံ လောက် ပါက ကယ်လ် စီယမ်၊ ဗိုက်တာ မင်ဒီ ပါတဲ့ ဆေးကို သုံးစွဲ နိုင်ပါတယ်... အရိုး ပါးလွှာ မှု လျော့နည်း စေရန် အရိုး သန်မာ စေရန် Alendronate (Denfos), Risedronate (Actonel), Ibandronate (Boniva), Calcitonin (Calcimar), Teriparatide (Forteo) စသည့် ဆေးများ ကို ဆရာဝန် ညွှန်ကြား သည့် အတိုင်း သုံးစွဲ နိုင်ပါတယ်... ဒါ့ကြောင့် သွေးဆုံး ချိန် ကာလ မှာ ဆေးလိပ် ဖြတ်ခြင်း၊ အရက် သောက်သုံး မှု လျှော့ချ ခြင်း၊ ကိုယ်လက် လေ့ကျင့် ခန်း မှန်မှန် ပြုလုပ် ခြင်း၊ အာဟာရ ပြည့်ဝ အောင် စားသုံး ခြင်း စသည့် နေထိုင် စားသုံး မှု ပုံစံ ဖြင့် နေသင့် ကြောင်း နှင့် သွေးဆုံး လက္ခဏာ သက်သာ စေတဲ့ ဆေးဝါး များကို ဆရာဝန် ညွှန်ကြား တဲ့ အတိုင်း သုံးစွဲ သင့်ပါ ကြောင်း ရေးသား လိုက်ရ ပါတယ်... အားလုံး ရန်သူ မျိုးငါးပါး နဲ့ ဘေးဘယာ အပေါင်းမှ ကင်းဝေး နိုင်ပါစေ...။



References;
http://www.medicinenet.com/menopause/article.htm
ဆက်လက်ဖတ်ရှုရန်.....

Readers' Comments (7)

အသည်းရောင် အသားဝါဘီရောဂါ (Hepatitis B Infection)

အသည်းရောင်ဘီပိုး ပေါက်ပွားပုံ

အသည်းရောင် အသားဝါ ဘီရောဂါ ဟာ လတ်တလော ကမ္ဘာမှာ ကူးစက်မှု မြင့်မားနေဆဲ ရောဂါတစ် မျိုးဖြစ် ပါတယ်... အမေရိက ရောဂါ ကာကွယ် ထိန်းချုပ်ရေး စင်တာ ၏ခန့်မှန်း ထုတ်ပြန်ချက် အရ ကမ္ဘာ တစ်ဝှမ်း လူဦးရေ သန်း ၃၅၀ ခန့် အသည်းရောင် ဘီရောဂါ ပိုးကူးစက် ခံနေရပြီး နှစ်စဉ် လူ ၆၂၀,၀၀၀ ခန့် သေဆုံး နေရကြောင်း ပြောဆို ထားပါတယ်... အမေရိက တွင် ၂၀၀၆ ခုနှစ် အတွင်း အသည်းရောင် ဘီကူးစက် ခံရသူ လူနာသစ် ၄၆,၀၀၀ ရှိပါတယ်... ယင်းသို့ လတ်တလော ကူးစက်ခံ ရသူများ ထဲတွင် အသက် ၂၅မှ ၄၄ နှစ် အတွင်း ကူးစက်ခံ ခြင်းမှာ (3.1 cases per 100,000 population) အမြင့်မား ဆုံးဖြစ် ပါတယ်.. အသက် ၁၅နှစ် အောက် ကူးစက် ခံရမှု နှုန်းမှာ အနိမ့်ဆုံး ဖြစ်ပါတယ် (0.02 per 100,000)... ၎င်းအချက် အလက် များကို ကြည့်ခြင်းဖြင့် ရောဂါပိုး အဓိက ကူးစက်မှုမှာ လိင်ဆက် ဆံခြင်း၊ မူးယစ်ဆေး သုံးစွဲခြင်း၊ ရောဂါပိုး ရှိသောသွေး ထိတွေ့ ၀င်ရောက်ခြင်း များကြောင့် ဖြစ်ကြောင်း သိသာ စေပါတယ်... အသည်းရောင် ဘီ ကာကွယ် ဆေးကို ကလေးများ ပုံမှန် ထိုးနှံ ပေးခြင်း ကလည်း ငယ်ရွယ် သူများ ကူးစက် ခံရမှု လျော့နည်း စေပါတယ်...


အသည်းရောင် ဘီ ရောဂါပိုး ဟာ ဒီအန်အေ ဗိုင်းရပ်စ် (DNA Virus) အမျိုးအစား ဖြစ်ပါတယ်... အန်တီဂျင် (Antigen) နှစ်မျိုး ရှိပြီး ဗိုင်းရပ်စ် အတွင်းပိုင်း (Core )အင်တီဂျင် (HBcAg) နဲ့ ဗိုင်းရပ်စ် အပြင်ပိုင်း (Surface) အင်တီဂျင် (HBsAg) တို့ ဖြစ်ပါတယ်.. အသည်းရောင် ဘီ ဗိုင်းရပ်စ် ပိုး ခန္ဓာကိုယ် တွင်းသို့ ကူးစက် ၀င်ရောက် လာပါက ခန္ဓကိုယ် ရောဂါ ခုခံမှု စနစ် (Immune System) မှ တန်ပြန် အင်တီ ဘော်ဒီ (Antibody) များထုတ်လုပ် ပါတယ်.. Antibody to HBsAg (Anti-HBs), Antibody to HBcAg (Anti-HBc) များဟာ ခန္ဓကိုယ် မှ ထွက်ရှိလာ တဲ့ အင်တီ ဘော်ဒီများ ဖြစ်ပါတယ်.. အဲဒီ အင်တီဂျင်၊ အင်တီ ဘော်ဒီ တွေကို သိထား ခြင်းဖြင့် ရောဂါပိုး စစ်ဆေး ရာမှာ၎င်း၊ ရောဂါပိုး ၀င်ရောက်မှု အခြေ အနေကို ၎င်း စမ်းသပ်ရာမှာ အသုံးဝင် ပါတယ်...


အသည်းရောင် ဘီရောဂါပိုး ဟာ လူ့ခန္ဓာ ကိုယ်ရဲ့ သွေး၊ သုတ်ရည်၊ ယောနိရည်၊ နို့ရည်၊ တံတွေး တို့မှာ တွေ့ရှိ ရပါတယ်.. ဒါ့ကြောင့် ရောဂါ ကူးစက် နိုင်တဲ့ နည်းလမ်းများ ကတော့ ရောဂါပိုး ရှိသူနှင့် လိင်တူ လိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုး ပါသော ဆေးထိုးအပ် ဆေးထိုးပြွန် ဆေးမင် ကြောင်ထိုး ဓါတ်အပ်စိုက် စသည်တို့ ပြုလုပ်ခြင်း၊ ရောဂါပိုး ပါသော သွေးသွင်း မိခြင်း၊ ကိုယ်ဝန် ဆောင် မိခင်မှ ကလေး သို့ကူး စက်ခြင်း၊ ရောဂါပိုး ပါသော သွေး (သို့) တံတွေး ထိထားသော သွားတိုက်တံ မုတ်ဆိတ် ရိပ်ဓား သုံးစွဲခြင်း တို့ ဖြစ်ပါတယ်...




လတ်တလော အသည်းရောင် ဘီပိုးဝင် လက္ခဏာ များမှာ ရောဂါ ပိုးဝင်ရောက်ပြီး ၁လမှ ၄လ အတွင်း ဖြစ်ပေါ် လေ့ရှိ ပါတယ်... အသည်းရောင် ဘီပိုး ဟာ အသည်းကို တိုက်ရိုက် ထိခိုက် ရောင်ရမ်း စေတာ မဟုတ်ဘဲ ခန္ဓာကိုယ် ရောဂါ ခုခံမှု စနစ် (Immune system) က အသည်းရောင် ဘီပိုး ကို ခုခံ တိုက်ဖျက် ရာမှ မိမိ အသည်း ကိုပါ ထိခိုက် ရောင်ရမ်း ရခြင်း ဖြစ်ပါတယ်... ဒါ့ကြောင့် ခန္ဓာကိုယ် ခုခံမှု စနစ် အားကောင်း ပါက ရောဂါပိုး ကို ကင်းစင် အောင် ပိုမို တိုက်ထုတ် နိုင်ပြီး လတ်တလော အသည်းရောင် လက္ခဏာ ပိုမို ပြင်းထန် တတ်ပါတယ်... ခန္ဓာကိုယ် ခုခံမှု စနစ် လျော့နည်း ပါက လတ်တလော အသည်းရောင် လက္ခဏာ ခံစား ရမှု နည်းပြီး ရောဂါပိုး ကင်းစင် အောင် တိုက်ထုတ် နိုင်မှု နည်းပါး ပါတယ်... အဲဒါကြောင့် ကလေး သူငယ် အထူးသဖြင့် ၁နှစ် အောက် ကလေးများ ရောဂါ ကူးစက် ခံရပါက ၉၅% မှာ နာတာရှည် ပိုးသယ် ဆောင်ပြီး နာတာရှည် အသည်းရောင် ခြင်းပိုမို ဖြစ်ပွား စေပါတယ်.. လူကြီး များတွင် ၅% ကသာ နာတာရှည် ပိုးသယ်ဆောင် ပြီ်း ကျန် ၉၅% က လတ်တလော အသည်းရောင် ပြီး ပိုးကင်းစင် သွားတတ် ပါတယ်... လတ်တလော အသည်းရောင် ဘီ ပိုးဝင် လက္ခဏာ များမှာ

  • တုပ်ကွေး ကဲ့သို့ ကိုက်ခဲ နာကျင် ဖျားနာခြင်း၊
  • မျက်လုံးနဲ့ အသားများ ၀ါလာခြင်း၊
  • နုံးခွေ အော့အန်ခြင်း၊
  • အစာ စားချင်စိတ် မရှိခြင်း၊
  • အသည်းရောင် ခြင်းကြောင့် ၀မ်းဗိုက် ညာဖက် အပေါ်ပိုင်း နာကျင်ခြင်း၊
တို့ ဖြစ်တတ် ပါတယ်...


နာတာရှည် အသည်းရောင် ဘီပိုး သယ်ဆောင်သူ များဟာ အများ အားဖြင့် ရောဂါ လက္ခဏာ မပြ ကြပဲ နှစ်ပေါင်း များစွာ ကြာတဲ့ အခါ အသည်းခြောက် ရောဂါ (Cirrhosis of Liver) နဲ့ အသည်း ကင်ဆာ ရောဂါ ဖြစ်ပွား စေတတ် ပါတယ်... နာတာရှည် ဘီပိုး သယ်ဆောင် သူများရဲ့ ၁၅ မှ ၂၀% ဟာ ၅နှစ်မှ ၂၀နှစ် အတွင်း အသည်းခြောက် ရောဂါ ဖြစ်ပွား တတ်ပါတယ်... အသည်းရောင် ဘီရောဂါ ပိုး နာတာရှည် သယ်ဆောင်သူ များ အနေ ဖြင့် အသည်းကို ထိခိုက် စေတဲ့ အပြု အမူ၊ အစား အသောက် ၊ ကိုယ်ခံအား ကျဆင်း စေတဲ့ ဆေးဝါးများ များကို ဂရုပြု ရှောင်ရှား ရပါမယ်.. အရက်၊ ဘီယာ၊ ထန်းရည်၊ ၀ိုင် စသည် တို့ကို လုံးဝ ရှောင်ရှား ရပါမယ်... ပန်းနာ၊ အဆစ် အမြစ် ကိုက် ရောဂါ တို့အတွက် သောက်သုံး သော ပရက်နီဆလုံး (Prednisolone)၊ အချို့ အရေပြား ရောဂါ များနဲ့ အဆစ်နာ အတွက် သုံးသော မက်သို ထရက်ဇိတ် (Methotrexate)၊ အချို့ ကင်ဆာ ရောဂါ များတွင် သုံးသော ဆိုက်ကလို ဖောစဖမိုက် (Cyclophosphamide) ဆေးများ သုံးစွဲ နေရ ပါက အသည်း ရောင်ခြင်း ကို ပိုမို ဆိုးရွား စေသဖြင့် ရပ်နား သင့်ပါတယ်...


ရောဂါ စစ်ဆေးမှု တွင် အဓိက အားဖြင့် HBsAg ကိုသာ နေရာ တကာ တွင်တွင် ကျယ်ကျယ် စစ်ဆေး နိုင်ပါတယ်... ရောဂါပိုး ၀င်ရောက်ပြီး ၄ ပတ် အကြာ တွင် စစ်ဆေး တွေ့ရှိ နိုင်ပြီး ရောဂါပိုး ကင်းစင် အောင် ခုခံအား ကောင်းသော သူများတွင် လတ်တလော အသည်းရောင် ပြီး ၄လ အကြာ တွင် ၎င်း HBsAg ပျောက်ကွယ် လေ့ရှိ ပါတယ်... နာတာ ရှည် ပိုးသယ် ဆောင်သူ များတွင် မူ နှစ်ပေါင်း များစွာ ဆက်လက် စစ်ဆေး တွေ့ရှိ နိုင်ပါတယ်... အသည်း ရောင်ဘီ ပိုးဝင် ရောက်၍ လတ်တလော အသည်းရောင် အသား ၀ါဖြစ်ပြီး ရောဂါပိုး ကင်းစင် သွားသူ များ အနေဖြင့် တစ်သက်တာ အသည်း ရောင်ဘီ ရောဂါပြီး သူ (Life-long Immunity) အဖြစ် နေထိုင် နိုင်ပါတယ်... အောက်ပါ ဇယား အရ စစ်ဆေး ကြည့်ရှု ခြင်း ဖြင့် ရောဂါ အခြေ အနေ ကို အနီး စပ်ဆုံး သိရှိ နိုင်ပါတယ်...

































အဖြစ်နိုင်ဆုံးအခြေအနေ ဓါတ်ခွဲစစ်ဆေးမှု အဖြေ
ရောဂါပိုးဝင်ရောက်မှုမရှိသူ
HBsAg
Anti-HBcAg (IgG)
Anti-HBsAg
Negative
Negative
Negative
ဘီပိုးဝင်ဖူး၍ရောဂါပြီးသူ
HBsAg
Anti-HBcAg (IgG)
Anti-HBsAg
Negative
Positive
Positive
ကာကွယ်ဆေးထိုး၍ရောဂါပြီးသူ
HBsAg
Anti-HBcAg (IgG)
Anti-HBsAg
Negative
Negative
Positive
လတ်တလောရောဂါဝင်ရောက်ခြင်းခံရသူ
HBsAg
Anti-HBcAg (IgG)
Anti-HBcAg (IgM)
Anti-HBsAg
Positive
Positive
Positive
Negative
နာတာရှည်ရောဂါပိုးသယ်ဆောင်သူ
HBsAg
Anti-HBcAg (IgG)
Anti-HBcAg (IgM)
Anti-HBsAg
Positive
Positive
Negative
Negative


ရောဂါ ကုသမှု အနေဖြင့် လတ်တလော အသည်းရောင် ဖြစ်နေသူ များသည် သီးသန့် ကုသမှု မလိုအပ် ပဲ အနားယူခြင်း၊ အာဟာရ ပြည့်ဝ အောင် ပုံမှန် စားသောက် ခြင်းတို့ သာလိုအပ် ပါတယ်... နာတာရှည် ပိုးသယ် ဆောင်သူ များသည် လည်း အသည်းကို ထိခိုက် စေသော အပြု အမူ၊ အစား အစာ ရှောင်ရှားပြီး အာဟာရ ပြည့်ဝအောင် နေထိုင် စားသောက် သင့်ပါတယ်... အချို့ ပိုးအရေ အတွက် များနေသူ များအတွက် ပိုး အရေ အတွက် လျော့နည်း စေရန် ဆရာဝန် ညွှန်ကြား သည့် အတိုင်း ဆေးထိုး ဆေးစား ပြုလုပ် နိုင်ပါတယ်...



ရောဂါ ကာကွယ်ရေး အနေဖြင့် အသည်းရောင် ဘီပိုး ၀င်ရောက် ဖူးခြင်း မရှိ ပါက အသည်းရောင် ဘီ ကာကွယ် ဆေးကို ထိုးထား ခြင်းဖြင့် ကာကွယ် နိုင်ပါတယ်... မိမိ အိမ်သား တစ်ဦး တွင် ဘီပိုး ရှိနေ သူများ၊ ကျန်းမာရေး ၀န်ထမ်း များ၊ အသည်း ရောင် စီပိုး ရှိနေ သူများ တွင် နောက်ထပ် ဘီပိုး မ၀င် အောင် ကာကွယ် ရန်လို သူများ သည် အသည်းရောင် ဘီ ကာကွယ် ဆေးကို မဖြစ် မနေ ထိုးနှံ သင့်ပါတယ်... ကလေး များတွင် အသည်းရောင် ဘီ ပိုးဝင် ရောက်ပါက နာတာရှည် ပိုးသယ် ဆောင်သူ ဖြစ်နိုင်ခြေ အလွန် များ သဖြင့် ပုံမှန် ကာကွယ် ဆေးထိုး စီမံ ချက် အရ ထိုးပေး နေပြီ ဖြစ်ပါတယ်... အသည်းရောင် ဘီပိုး ရှိသူ မိခင် မှ မွေးဖွား သော ကလေး များကို မွေးပြီး ၁၂ နာရီ အတွင်း ပုံမှန် အသည်းရောင် ဘီ ကာကွယ် ဆေး အပြင် Hepatitis B Immune Globulin (HBIG) ကို ထိုးပေး သင့် ပါတယ်... ဒါ့ကြောင့် အသည်းရောင် ဘီ ရောဂါ ၀င်ရောက်ဖူး ခြင်းမရှိ သူများ သည် ကာကွယ်ဆေး ကို စနစ် တကျ ထိုးနှံ ၍ ကာကွယ် ထားသင့် ကြောင်း ရေးသား လိုက်ရ ပါတယ်... အားလုံး ရောဂါ အပေါင်းမှ ကင်းဝေး နိုင်ပါစေ..




References;
http://www.medicinenet.com/hepatitis_b/article.htm
http://en.wikipedia.org/wiki/Hepatitis_B
ဆက်လက်ဖတ်ရှုရန်.....

Readers' Comments (13)

 

Visitor Map
Create your own visitor map!
အလည်လာသူ အားလုံး ကာယသုခ၊ စိတ္တသုခနဲ့ ပြည့်စုံပြီး ကျန်းမာရေးဗဟုသုတများ တိုးပွားနိုင်ပါစေ... အပေါ်သို့